Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 23:9

Common Language Bible

ဟေ​ရုဒ်​မင်း​သည်​ကိုယ်​တော်​အား​မေး​ခွန်း​များ စွာ​မေး​သော်​လည်း ကိုယ်​တော်​က​ဖြေ​ကြား​တော် မ​မူ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ဤ​သို့​ဝေ​ဒ​နာ​ခံ​စေ​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​ပါ​မည်။ စ​ကား​တစ်​ခွန်း​မျှ​ပြော​မည်​မ​ဟုတ်​ပါ။

``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။ သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊ အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊ သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။

သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။

``မွန်​မြတ်​သော​အ​ရာ​ကို​ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည်​လှည့်​၍​သင်​တို့​အား​ကိုက် လိမ့်​မည်။ ပု​လဲ​ရ​တ​နာ​များ​ကို​ဝက်​တို့​ရှေ့​မှာ မ​ချ​ထား​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည် ထို အ​ရာ​တို့​ကို​ကျော်​နင်း​သွား​ကြ​လိမ့်​မည်။

သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။

ကိုယ်​တော်​က ``ငါ​သည်​ယ​နေ့​နှင့်​နက်​ဖြန်​နေ့​တို့​၌ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​မည်။ တ​တိ​ယ​နေ့​တွင်​မူ​ငါ​၏ အ​လုပ်​ကို​အ​ဆုံး​သတ်​မည်​ဖြစ်​ကြောင်း​ကို​ထို မြေ​ခွေး​ကို​ပြော​ကြ​လော့။-

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ရှေ့​သို့​လာ​၍ ကိုယ်​တော်​အား​အ​ပြင်း အ​ထန်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။-

သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။-

ထို​သူ​ဖတ်​လျက်​နေ​သည့်​ကျမ်း​ချက်​ကား၊ ``သတ်​ရန်​ဆွဲ​ယူ​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​လည်း​ဆောင်​ယူ​သွား​ကြ​၏။ အ​မွှေး​ညှပ်​သူ​တို့​၏​ရှေ့​တွင်​သိုး​သား​ငယ်​သည် နှုတ်​ကို​ပိတ်​ထား​သ​ကဲ့​သို့၊သူ​သည် မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ