ဂါလိလဲပြည်မှကိုယ်တော်နှင့်လိုက်ခဲ့ကြသော အမျိုးသမီးများလည်းလိုက်ပို့၍သင်္ချိုင်းတော် ကိုလည်းကောင်း၊ အလောင်းတော်ကိုအဘယ်သို့ ထားသည်ကိုလည်းကောင်းတွေ့မြင်ကြ၏။-
သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
အလောင်းတော်ကိုသင်္ဂြိုဟ်သည့်နေရာကို မာဂဒလရွာသူမာရိနှင့်ယောသေ၏ အမိမာရိတို့တွေ့မြင်ရကြ၏။
ဂါလိလဲပြည်မှကိုယ်တော်၏နောက်သို့လိုက် လာကြသောအမျိုးသမီးများအပါအဝင် ကိုယ်တော်ကိုသိကျွမ်းသူအပေါင်းတို့သည် အဝေးမှာရပ်လျက်ကြည့်ရှုနေကြ၏။
တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-