ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။
``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
ရောမဘုရင်ခံမင်း၏ရှေ့သို့သခင်ယေရှုရောက်ရှိ သောအခါဘုရင်ခံမင်းက ``သင်သည်ယုဒရှင် ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``သင်ဆို သည်အတိုင်းငါဖြစ်၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်အားစွဲချက်တင်သည့်အပြစ်ကိုဦးခေါင်း တော်အထက်တွင် ``ဤသူကားယုဒရှင်ဘုရင်ဖြစ်၏'' ဟူ၍ကမ္ပည်းရေးထိုးထားကြ၏။-
``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
ကိုယ်တော်၏ပြစ်မှုကိုကမ္ပည်းရေးထိုး၍လက်ဝါး ကပ်တိုင်အထက်တွင်တင်ထားသည်ကား ``ယုဒ ရှင်ဘုရင်'' ဟူ၍ဖြစ်သတည်း။-
ဣသရေလရှင်ဘုရင်၊ မေရှိယအရှင်သည် လက်ဝါးကပ်တိုင်မှယခုဆင်းခဲ့ပါစေ။ သို့ ဆင်းသည်ကိုမြင်ရလျှင်ငါတို့ယုံကြည် ပေအံ့'' ဟုအချင်းချင်းပြောဆိုလျက် သရော်ကြ၏။ ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင် အတင်ခံရသောသူများကလည်း ကိုယ်တော် ကိုပြက်ရယ်ပြုကြ၏။
ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။
အထံတော်သို့ချဉ်းကပ်၍ ``ယုဒရှင်ဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟုဆို၍ပါးတော် ကိုရိုက်ကြ၏။