စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊-
ကျွန်တော်မျိုးဆာလောင်မွတ်သိပ်သောအခါ ရန်သူတို့သည်အဆိပ်ကိုကျွေးကြပါ၏။ ရေငတ်သောအခါပုန်းရည်ကိုတိုက်ကြ ပါ၏။
သူတို့သည်ဆေးခါးနှင့်ရောစပ်ထားသောစပျစ် ရည်ကိုကိုယ်တော်အားတိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင်မသောက်ဘဲနေ တော်မူ၏။
ထိုသူတို့အနက်လူတစ်ယောက်သည်ချက်ချင်းပြေး ၍ပင်လယ်ရေမြှုပ်ကိုယူကာပုံးရည်ကိုစုပ်ပြီးလျှင် ထိုရေမြှုပ်ကိုကူရိုးဖျားတွင်ပတ်၍ကိုယ်တော် သောက်ရန်ပေးလေ၏။
လူတစ်ယောက်သည်ပြေး၍ပုံးရေကိုပင်လယ် ရေမြှုပ်ဖြင့်စုပ်ယူ၏။ ထိုနောက်ရေမြှုပ်ကိုကူ ရိုးအဖျားတွင်တပ်၍ ကိုယ်တော်အားသောက်ရန် ဆက်ကပ်လျက် ``သူ့ကိုကယ်ရန်ဧလိယလာ မလာငါတို့ကြည့်ကြကုန်အံ့'' ဟုဆို၏။
ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-