Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 23:34

Common Language Bible

သ​ခင်​ယေ​ရှု​က ``အို အ​ဖ၊ ထို​သူ​တို့​၏​အ​ပြစ် ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ပြု နေ​သည့်​အ​မှု​ကို​မ​သိ​ကြ​ပါ'' ဟု​မြွက်​ဆို တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ဝေ​ယူ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​အ​ဝတ်​များ​ကို​သူ​တို့​သည် အ​ချင်း​ချင်း​ခွဲ​ဝေ​၍​ယူ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝတ်​လုံ​ကို​မဲ​ချ​ကြ​ပါ​၏။

သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​ကြီး​မြတ်​သူ၊ တန်​ခိုး​ကြီး သူ​များ​နှင့်​အ​တူ၊ ဂုဏ်​ထူး​ဆောင်​နေ​ရာ​ကို​ပေး​အပ်​တော်​မူ​မည်။ သူ​သည်​မိ​မိ​၏​အ​သက်​ကို​သဒ္ဓာ​ကြည်​ဖြူ​စွာ စွန့်​လှူ​ပြီး​လျှင်၊ ရာ​ဇ​ဝတ်​ကောင်​တို့​၏​ကံ​ကြမ္မာ​ကို​ခံ​ယူ​၏။ သူ​သည်​အ​ပြစ်​ကူး​သူ​များ​ကို​ကိုယ်​စား​ပြု​၍ ထို​သူ​တို့​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ယူ ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

အို အ​ဖ​ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​သည်​မှာ​ကိုယ်​တော် ရှင်​၏​အ​လို​တော်​အ​တိုင်း​ပင်​ဖြစ်​ပါ​၏'' ဟု​မြွက်​ဆို တော်​မူ​သည်။

သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။-

ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။-

``အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင်​ဤ​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​အ​လို တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​တော်​မူ​၏။-

``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။-

သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။-

သို့​ရာ​တွင်​ပေါ​လု​က ``သင်​၏​ကိုယ်​ကို​အန္တ​ရာယ် မ​ပြု​နှင့်။ ငါ​တို့​အား​လုံး​ဤ​နေ​ရာ​တွင်​ရှိ​နေ ကြ​သည်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။

``ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​ခေါင်း ဆောင်​များ​နည်း​တူ မိ​မိ​တို့​ပြု​သော​အ​မှု​ကို မ​သိ​နား​မ​လည်​ဘဲ​ပြု​ကြ​ကြောင်း​ကို​ငါ သိ​၏။-

သူ​သည်​ဒူး​ထောက်​၍``သ​ခင်​ဘု​ရား၊ ဤ​သူ​တို့ ပြု​သော​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် လေ​၏။

သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​ကို​ကောင်း ချီး​ပေး​ကြ​လော့။ သူ​တို့​ကို​မ​ကျိန်​မ​ဆဲ ဘဲ​ကောင်း​ချီး​ပေး​ကြ​လော့။-

လော​ကီ​မင်း​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ဤ ဉာဏ်​ပညာ​တော်​အ​ကြောင်း​ကို​မ​သိ​နား​မ​လည် ကြ။ အ​ကယ်​၍​သိ​ရှိ​နား​လည်​ကြ​ပါ​မူ​သူ တို့​သည်​ဘုန်း​အ​သ​ရေ​တော်​ရှင်​ကို​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​မည်​မ​ဟုတ်။-

လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-

အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ