Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 23:31

Common Language Bible

စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။

ငါ​သည်​ဖျက်​ဆီး​ရန်​လုပ်​ငန်း​ကို​ငါ​၏​နာ​မ တော်​ကို​ဆောင်​သော​မြို့​တော်​မှ​အ​စ​ပြု​မည်။ ထို​မြို့​သား​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ တော့​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​ကြ​သ​လော။ ငါ​သည်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​စစ်​မက်​အန္တ​ရာယ်​ကို​စေ​လွှတ်​မည် ဖြစ်​၍ သူ​တို့​သည်​အ​မှန်​ပင်​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။-

လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။

ထို​အ​ချိန်​၌​လူ​တို့​က​တောင်​များ​အား `ငါ​တို့ အ​ပေါ်​သို့​ပြို​လဲ​ကြ​ပါ' ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား `ငါ​တို့​ကို​ဖုံး​အုပ်​ကြ ပါ' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​လိမ့်​မည်။-

လူ​တို့​သည်​ရာ​ဇ​ဝတ်​သင့်​သူ​လူ​နှစ်​ယောက်​ကို လည်း​ကိုယ်​တော်​နှင့်​အ​တူ​သတ်​ရန်​ထုတ်​ဆောင် သွား​ကြ​၏။-

ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။-

သို့​ရာ​တွင်​အ​ကယ်​၍​ထို​မြေ​ဆီ​လွှာ​သည် ဆူး ပင်​နှင့်​ချုံ​နွယ်​ပိတ်​ပေါင်း​တို့​ကို​သာ​လျှင်​ဖြစ် ထွန်း​စေ​ပါ​မူ လုံး​ဝ​တန်​ဖိုး​မ​ရှိ​တော့​ဘဲ ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​၍​မီး​ရှို့ ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ပေ​အံ့။

သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ