သို့ရာတွင်လူတို့သည်ကိုယ်တော်အားလက်ဝါး ကပ်တိုင်မှာတင်၍သတ်ရန် အသံကုန်အော်ဟစ် တောင်းဆိုကြသဖြင့်နောက်ဆုံး၌တောင်းဆို ချက်ရသွား၏။-
ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။
ငါသည်မိမိအားမုန်းသည့်သိုးထိန်းသုံး ယောက်ကိုသည်းမခံနိုင်သဖြင့် သူတို့ အားတစ်လတည်းတွင်ဖယ်ရှားပစ်လိုက်၏။-
သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။ အခြားတပည့်တော်တို့သည်လည်း ဤနည်း အတိုင်းလျှောက်ထားကြ၏။
ပိလတ်မင်းက ``သူသည်အဘယ်ပြစ်မှုကို ကူးလွန်သနည်း။ သူ့အားသေဒဏ်ပေးထိုက် သောအကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့၊ သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုတတိယအကြိမ်ဆို၏။
ပိလတ်မင်းသည်သူတို့တောင်းဆိုသည့်အတိုင်း စီရင်ချက်ချမှတ်လိုက်၏။-
သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။