Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 23:14

Common Language Bible

ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။-

ပိ​လတ်​မင်း​သည်​တ​ရား​ခွင်​တွင်​ထိုင်​လျက်​နေ​စဉ် သူ​၏​ဇ​နီး​သည်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍ ``ထို အ​ပြစ်​ကင်း​သူ​နှင့်​ပတ်​သက်​၍​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​ယ​မန်​ည​က အိပ်​မက်​တွင်​သူ​၏​အ​တွက်​စိတ်​ဒုက္ခ​များ​စွာ ရောက်​ရ​ပါ​၏'' ဟု​ပြော​စေ​၏။

ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။

``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကင်း​သူ​ကို​သေ​စေ​ရန်​အပ် မိ​ပါ​ပြီ'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``ဤ ကိစ္စ​သည်​ငါ​တို့​နှင့်​မည်​သို့​ဆိုင်​ပါ​သ​နည်း။ သင် ၏​တာ​ဝန်​သာ​ဖြစ်​၏'' ဟု​ပြန်​ပြော​ကြ​၏။-

တပ်​မှူး​နှင့်​တ​ကွ​သ​ခင်​ယေ​ရှု​ကို​စောင့်​ကြည့် နေ​ကြ​သော​စစ်​သား​များ​သည်​မြေ​င​လျင်​လှုပ် သည်​ကို​လည်း​ကောင်း၊ အ​ခြား​အ​ဖြစ်​အ​ပျက်​များ ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​သော​အ​ခါ​လွန်​စွာ ကြောက်​လန့်​ကြ​၍ ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘုရား သ​ခင်​၏​သား​တော်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။

ဤ​သို့​သေ​ဒဏ်​စီ​ရင်​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​တွေ့​သော်​လည်း သေ​ဒဏ်​ပေး ရန်​ပိ​လတ်​မင်း​အား​တောင်း​ဆို​ကြ​၏။-

ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။-

သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ