မျက်နှာတော်ကိုဖုံးပြီးလျှင် ``အရှင့်အားမည် သူရိုက်ပုတ်သည်ကိုဟောတော်မူပါ'' ဟုဆို ကြ၏။-
``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။
အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။
ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-