ထိုနောက်တစ်နာရီခန့်ကြာသောအခါအခြား လူတစ်ယောက်က ``ဤသူသည်ဂါလိလဲပြည် သားဖြစ်သဖြင့်ယေရှုနှင့်အပေါင်းအပါဖြစ် သည်ကိုယုံမှားစရာမရှိ'' ဟုအခိုင်အမာဆို၏။
သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။-
ထိုသူတို့က ``သင်ရူးလေပြီ'' ဟုဆို၏။ သို့ သော်အစေခံမကလေးကမိမိပြောသည့် အတိုင်း အမှန်ပင်ဖြစ်ကြောင်းပြောနေသဖြင့် သူတို့က ``ထိုသူသည်ပေတရု၏ကိုယ်စောင့် ကောင်းကင်တမန်ဖြစ်တန်ရာ၏'' ဟုဆိုကြ၏။