Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 22:41

Common Language Bible

ထို​နောက်​တ​ပည့်​တော်​တို့​နှင့်​ခဲ​တစ်​ပစ်​ခန့် ကွာ​သော​အ​ရပ်​သို့​ကြွ​တော်​မူ​၍​ဒူး​ထောက် လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။

ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။

ဖာ​ရိ​ရှဲ​သည်​တစ်​ယောက်​တည်း​ရပ်​လျက် `အို ဘု​ရား သ​ခင်၊ အ​ခြား​သော​သူ​တို့​သည်​လော​ဘ​ကြီး​သူ၊ မ​ရိုး​ဖြောင့်​သူ၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​သူ​များ ဖြစ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ကဲ့​သို့ မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ခွန်​ခံ​သူ ကဲ့​သို့​ပင်​မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း ကိုယ် တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

သို့​ရာ​တွင်​အ​ခွန်​ခံ​သူ​မူ​ကား​အ​ဝေး​တွင် ရပ်​လျက်​ကောင်း​ကင်​သို့​မော်​၍​မျှ​မ​ကြည့်​ဝံ့ ဘဲ `အို ဘု​ရား​သ​ခင်၊ အ​ပြစ်​ကူး​သူ​အ​ကျွန်ုပ် အား​သ​နား​တော်​မူ​ပါ' ဟု​ရင်​ပတ်​ကို​တီး​ခတ် လျက်​ဆု​တောင်း​လေ​၏။-

ထို​နောက်​ပေါ​လု​သည်​ဒူး​ထောက်​၍​ထို​သူ​တို့ နှင့်​အ​တူ​ဆု​တောင်း​လေ​သည်။-

သို့​ရာ​တွင်​ခု​နစ်​ရက်​စေ့​သော​အ​ခါ ကျွန်ုပ်​တို့ သည်​ဆက်​၍​ခ​ရီး​ပြု​ကြ​လေ​သည်။ တ​ပည့် တော်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ဇ​နီး​များ၊ က​လေး​များ​နှင့်​အ​တူ​မြို့​ပြင်​ပင်​လယ်​ကမ်း သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ကျွန်ုပ်​တို့​သည် ပင်​လယ်​ကမ်း​ပေါ်​တွင်​ဒူး​ထောက်​၍​ဆု​တောင်း ကြ​၏။-

သူ​သည်​ဒူး​ထောက်​၍``သ​ခင်​ဘု​ရား၊ ဤ​သူ​တို့ ပြု​သော​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် လေ​၏။

ပေ​တ​ရု​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ပြင် သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။ ထို​နောက်​ရုပ်​အ​လောင်း​ဘက်​သို့ လှည့်​၍ ``တ​ဗိ​သ၊ ထ​လော့'' ဟု​ဆို​၏။ ဒေါ်​ကာ သည်​မျက်​စိ​ဖွင့်​၍​ပေ​တ​ရု​ကို​မြင်​သော အ​ခါ​ထ​ထိုင်​လေ​၏။-

ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ