Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 22:26

Common Language Bible

သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် စေ​သင့်။ သင်​တို့​တွင်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ သည်​အ​သိမ်​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ခေါင်း​ဆောင်​ဖြစ်​သူ​သည်​အ​စေ​ခံ​ကဲ့​သို့​ဖြစ် ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည်​သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-

သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည် သူ​တစ်​ပါး​တို့​၏​အ​စေ​ကို​ခံ​ရ​မည်။-

ကိုယ်​တော်​သည်​ထိုင်​တော်​မူ​ပြီး​လျှင်​တစ်​ကျိပ်​နှစ် ပါး​တို့​ကို​ခေါ်​တော်​မူ​၍ ``အ​မြင့်​ဆုံး​သို့​ရောက် လို​သူ​သည်​အ​နိမ့်​ဆုံး​မှာ​နေ​ရ​မည်။ လူ​ခပ်​သိမ်း တို့​၏​အ​စေ​ခံ​လည်း​ဖြစ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​နာ​မ​ကို​ထောက် ၍​ဤ​က​လေး​သူ​ငယ်​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ ၏။ သင်​တို့​တွင်​အ​သိမ်​ငယ်​ဆုံး​သော​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။

သင်​တို့​လက်​ဝယ်​အပ်​ထား​သည့်​သူ​တို့​အ​ပေါ် တွင်​အ​စိုး​တ​ရ​မ​ပြု​ကြ​နှင့်။ သိုး​စု​၏​ရှေ့​၌ စံ​န​မူ​နာ​ကောင်း​ကို​ပြ​ကြ​လော့။-

ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ