Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 21:33

Common Language Bible

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ​၏​စ​ကား​တည်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရာ​အား​လုံး​သည်​ကွယ်​ပျောက်​သွား ကြ​မည်​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​မူ​ကား​ရှိ​နေ​တော်​မူ​မည်​ဖြစ်​ပါ​၏။ ထို​အ​ရာ​အ​ပေါင်း​တို့​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​သွား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ဝတ်​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့် ထို​အ​ရာ​တို့​သည်​ပြောင်း​လဲ​ကွယ်​ပျောက် သွား​ကြ​ပါ​လိမ့်​မည်။

ငယ်​စဉ်​အ​ခါ​က​ပင်​လှင်​ကွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏ဆုံး​မ​သွန်​သင်​ခက်​မား​ကို သိ​ခဲ့​ပါ​၏။ ယင်း​တို့​ကို​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​စဉ် တည်​မြဲ​စေ​ပါ​၏။

မြက်​ပင်​သည်​အ​မှန်​ပင်​ခြောက်​သွေ့​လျက် ပန်း​များ​သည်​လည်း​အ​မှန်​ပင်​ညှိုး​နွမ်း​တတ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျောက်​မ​ပျက်​တတ်'' ဟု ဆို​၏။

မိုး​ကောင်း​ကင်​ကို​ကြည့်​ရှု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကြည့်​ရှု​ကြ​လော့။ မိုး​ကောင်း​ကင်​သည်​မီး​ခိုး​သ​ဖွယ် ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​သည်​ဟောင်း​နွမ်း​သည့်​အ​ဝတ်​ကဲ့​သို့ တ​ဖြည်း​ဖြည်း​ပျက်​ပြုန်း​သွား​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​လည်း ယင်​ကောင်​ကဲ့​သို့​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ​၏​အောင်​မြင်​မှု​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြယ်​ရ​လိမ့်​မည်​မ​ဟုတ်။

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ကောင်း ကင်​နှင့်​မြေ​ကြီး​တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး ပ​ညတ်​ကျမ်း​မှ​အက္ခ​ရာ​တစ်​လုံး၊ ဝစ္စ​တစ်​လုံး​မျှ ပင်​မ​ပျောက်​ပျက်​ရ။ ထို​ကျမ်း​တွင်​ဖော်​ပြ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​မည်။-

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ ၏​စ​ကား​တည်​လိမ့်​မည်။''

သို့​ရာ​တွင်​ပ​ညတ်​ကျမ်း​မှ​ဝစ္စ​ပေါက်​တစ်​လုံး ပျက်​စီး​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ပျက် စီး​ရန်​က​သာ​၍​လွယ်​၏။

``ငါ​အ​မှန်​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​အ​သက်​ရှင်​နေ​သူ​တို့ သေ​လွန်​ရ​လိမ့်​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​မူ​ကား ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ကျမ်း​စာ​၌​ဖော်​ပြ​သည့်​အ​တိုင်း​ဖြစ် သည်။ ထို​နှုတ်​က​ပတ်​တော်​ကား​သင်​တို့​အား ကြေ​ညာ​သည့်​သ​တင်း​ကောင်း​ဖြစ်​ပေ​သည်။

ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ