Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 21:25

Common Language Bible

``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။

တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​များ​သည် ပင်​လယ် မြည်​ဟည်း​သံ၊ လှိုင်း​လုံး​ကြီး​များ​ရိုက်​ပုတ် သံ​ကဲ့​သို့​သော​အ​သံ​နှင့်​ထ​ကြွ​သောင်း ကျန်း​လျက်​ရှိ​ကြ​၏။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

ထို​ကာ​လ​၌​သူ​တို့​သည်​ပင်​လယ်​မြည်​ဟည်း​သံ ကဲ့​သို့ ကျယ်​စွာ​ဣ​သ​ရေ​လ​ပြည်​တွင်​ကြွေး​ကြော် ကြ​လိမ့်​မည်။ ထို​ပြည်​ကို​ကြည့်​ရှု​ကြ​လော့။ ယင်း သည်​မှောင်​အ​တိ၊ ဆင်း​ရဲ​ဒုက္ခ​အ​တိ​ဖြစ်​၍​နေ​လိမ့် မည်။ အ​လင်း​ကား​အ​မှောင်​တွင်​ကွယ်​ပျောက် သွား​လေ​တော့​သ​တည်း။

``ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ပင်​လယ်​ရေ​ကို​ငါ​မွှေ​နှောက်​၍​လှိုင်း​တံ​ပိုး​သံ များ​ကို ဖြစ်​ပေါ်​စေ​၏။ ငါ​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား ဖြစ်​ပါ​သည်​တ​ကား။

ငါ​သည်၊ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​လိုက်​သော အ​ခါ ယင်း​သည်​ပုံ​သဏ္ဌာန်​ကင်း​မဲ့​လျက်​နေ​၏။ မိုး​ကောင်း​ကင်​ကို​ကြည့်​သော​အ​ခါ​၌​လည်း အ​လင်း​ရောင်​မ​တွေ့​ရ။

ပိတ်​ချော​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​သော ကောင်း​ကင်​တ​မန်​က``ထို​ကာ​လ​၌​ကြီး မြတ်​သော​ကောင်း​ကင်​တ​မန်​မိက္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ သူ​သည်​သင်​၏​အ​မျိုး​သား များ​ကို​စောင့်​ထိန်း​သော​သူ​ဖြစ်​၏။ ထို​နောက် လူ​မျိုး​အ​ပေါင်း​တို့​ဖြစ်​ပေါ်​လာ​ချိန်​မှ​အ​စ ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​ဘူး​သော ဆင်း​ရဲ​ဒုက္ခ​များ​ဆိုက်​ရောက်​ရာ​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​၌​ဘု​ရား​သ​ခင်​၏​စာ​စောင်​တော်​တွင်​စာ​ရင်း​ဝင် သူ သင်​၏​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်။-

အ​တော်​ဖြောင့်​ဆုံး​ဟု​ဆို​ရ​သော​သူ​များ ပင်​လျှင် ပေါင်း​ပင်​ကဲ့​သို့​အ​သုံး​မ​ကျ​ချေ။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ကင်း​စောင့် သ​ဖွယ်​ဖြစ်​သော ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သ​တိ​ပေး​သည့်​အ​တိုင်း လူ​များ​ကို​ဒဏ်​ခတ် မည့်​အ​ချိန်​ရောက်​လာ​ပြီ။ သူ​တို့​သည်​ယ​ခု အ​ခါ​က​ယောင်​ချောက်​ချား​ဖြစ်​လျက်​ရှိ ကြ​၏။-

``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-

မွန်း​တည့်​ချိန်​မှ​အ​စ​ပြု​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ​လေ​၏။-

``ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​ပြီး​သော​ကာ​လ​၌ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် အ​လင်း​ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။-

ထို​အ​ခါ​မိုး​တိမ်​များ​ထဲ​မှ​ကြီး​စွာ​သော တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​နှင့်​လူ သား​ကြွ​လာ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-

မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။-

အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။

လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-

အ​ထက်​အ​ရပ်​ကောင်း​ကင်​တွင်​နိ​မိတ် လက္ခ​ဏာ​များ​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​တွင်​အံ့​သြ​ဖွယ်​သော အ​ရာ​များ​ကို​လည်း​ကောင်း​ငါ​ပြ​မည်။ သွေး၊မီး​လျှံ၊မီး​ခိုး​တည်း​ဟူ​သော ပုပ္ပ​နိ​မိတ်​များ​ကို​ငါ​ပြ​မည်။

ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ