လုကာ 21:21Common Language Bibleထိုအခါ၌ယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။ မြို့ထဲမှာရှိလူတို့မြို့ပြင် သို့ထွက်ကြစေ။ ကျေးလက်တောရွာမှာရှိသော သူတို့ကိုမြို့ထဲသို့မဝင်ကြစေနှင့်။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဤမြို့သည်ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာချင်းနင်းဝင်ရောက်လာသောအခါ၌ ဗာဗုလုန်နှင့်ရှုရိတပ်များကင်းဝေးစေရန် အကျွန်ုပ်တို့သည် ယေရုရှလင်မြို့သို့လာ ရောက်ရန်စိတ်ပိုင်းဖြတ်ခဲ့ကြပါ၏။ ထို့ကြောင့် ယခုအခါယေရုရှလင်မြို့တွင် အကျွန်ုပ်တို့ နေထိုင်လျက်ရှိခြင်းဖြစ်ပါသည်'' ဟုပြန် ပြောကြ၏။
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-