Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 21:18

Common Language Bible

သို့​ရာ​တွင်​သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​တစ်​ပင် မျှ​ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။

သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။-

သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​ပြီ။ ထို့ ကြောင့်​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကား​စာ ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​တန်​၏။

ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။-

သင်​တို့​ဆက်​လက်​အ​သက်​ရှင်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​စား​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။ သင်​တို့​တစ်​စုံ​တစ်​ယောက်​၏​ဦး​ခေါင်း​မှ​ဆံ ခြည်​တစ်​ပင်​မျှ​ပင်​လျှင်​ပျက်​စီး​ဆုံး​ရှုံး ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-

သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။

အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ရှင့်​အား​တိုက်​ခိုက်​သတ်​ဖြတ်​ရန်​ကြိုး​စား ပါ​မူ လူ​သည်​အ​ဖိုး​ထိုက်​သည့်​ရ​တ​နာ​ကို လုံ​ခြုံ​စွာ​သိမ်း​ဆည်း​ထား​တတ်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​အ​သက်​ကို လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​လိမ့် မည်။ အ​ရှင်​၏​ရန်​သူ​တို့​ကို​မူ​ကား လူ​သည် ကျောက်​ခဲ​ကို​လောက်​လွှဲ​ဖြင့်​ပစ်​ထုတ်​သ​ကဲ့ သို့​ကိုယ်​တော်​ပစ်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ