ထို့နောက်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့ချဉ်းကပ်ကြ၏။ သူတို့ကားသေခြင်းမှ လူတို့ရှင်ပြန်ထမြောက်ခြင်းမရှိဟုယုံ ကြည်သူများဖြစ်ကြ၏။-
ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။-
ထိုအခါတပည့်တော်တို့သည်မုန့်လုပ်တဆေး ကိုရှောင်ကြဉ်ရန်မဟုတ်ဘဲဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏သွန်သင်ချက်များကိုမလိုက်နာရန် ကိုယ်တော်သတိပေးတော်မူကြောင်းနားလည် ကြ၏။
သခင်ယေရှုက ``သင်တို့သည်ဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏တဆေးကိုသတိနှင့်ရှောင်ကြဉ်ကြလော့'' ဟုမိန့်တော်မူ၏။
ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်းကို ငါတို့ဟောပြောကြေညာ လျက်ရှိသည်ဖြစ်ရာ အဘယ်ကြောင့်သင်တို့ အနက်အချို့သောသူတို့က ``သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟူသည်မရှိ'' ဟု ပြောဆိုနေကြသနည်း။-