Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 2:41

Common Language Bible

သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ခါး​ကို​စည်း​၍​ဖိ​နပ်​ကို​စီး လျက်​လက်​ထဲ​တွင်​တောင်​ဝှေး​ကို​ကိုင်​ပြီး​လျှင် ထို​အ​သား​ကို​အ​လျင်​အ​မြန်​စား​ကြ​ရ​မည်။ ထို​ပွဲ​တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပသခါ ပွဲ​တော်​ဖြစ်​၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

``သင်​တို့​၏​အ​မျိုး​သား​အား​လုံး​တို့​သည်​တစ် နှစ်​လျှင်​သုံး​ကြိမ် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝရ​ဘု​ရား​ထံ​ချဉ်း ကပ်​၍​ဝတ်​ပြု​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​သည့်​ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​တွင်​စ​တင် ကျင်း​ပ​ရ​မည်။-

နှစ်​စဉ်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သော​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-

သူ​ငယ်​တော်​သည်​အ​သက်​တစ်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​၌​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​တော်​အ​ခါ နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ကျေး​လက်​တော​ရွာ​များ မှ​လူ​အ​များ​ပင်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရန် ပွဲ​တော်​မ​စ​မီ​ယေ​ရု​ရှ​လင်​မြို့​သို့​တက်​လာ ကြ​၏။-

အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။

ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​နီး​ကပ်​လာ သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ကြွ​တော်​မူ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-

``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''

ဧ​လ​ကာ​န​သည်​မိ​မိ​၏​အိမ်​ထောင်​စု​နှင့်​အ​တူ နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို​လည်း​ကောင်း၊ မိ​မိ သစ္စာ​ဝတ်​ကို​ဖြေ​ရာ​အ​ထူး​ယဇ်​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့ သွား​ရောက်​ဖို့​အ​ချိန်​ကျ​ရောက်​လာ​ပြန်​၏။-

ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ