Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 2:36

Common Language Bible

အာ​ရှာ​အ​နွယ်​ဝင်၊ ဖ​နွေ​လ​၏​သ​မီး၊ အန္န​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​ပ​ရော​ဖက်​တစ်​ပါး​ရှိ​၏။ သူ​သည်​များ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ ဖြစ်​၏။ ငယ်​ရွယ်​စဉ်​တွင်​အိမ်​ထောင်​ကျ​၍​ခု​နစ် နှစ်​မျှ​ခင်​ပွန်း​ဖြစ်​သူ​နှင့်​ပေါင်း​သင်း​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

လေ​အာ​က``ငါ​၌​မင်္ဂ​လာ​ရှိ​၏။ အ​ခြား​သော မိန်း​မ​တို့​က​ငါ့​အား​မင်္ဂလာ​ရှိ​သူ​ဟု​ခေါ်​ကြ လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​အာ​ရှာ နာ​မည်​ဖြင့်​မှည့်​လေ​သည်။

ဟိ​လ​ခိ၊ ရှာ​ဖန်၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်​နှင့်​အ သ​ဟိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​တွင်​နေ ထိုင်​သူ​ဟု​လ​ဒ​နာ​မည်​ရှိ အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​ရောက်​၍​စုံ​စမ်း​မေး​မြန်း ကြ​ရာ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း​မှာ​ဟ​ရ ဟတ်​၏​မြေး၊ တိ​က​ဝ​၏​သား​ရှလ္လုံ​ဖြစ်​၍​သူ သည် ဗိ​မာန်​တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ​ဖြစ်​၏။-)

အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။

အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​အ​ထဲ​တွင် ဗျာ​ဒိတ်​စ​ကား များ​ကို​လုပ်​ကြံ​ဟော​ပြော​ကြ​သူ​အ​မျိုး သ​မီး​တို့​ကို​ကြည့်​လော့။ သူ​တို့​အား​ရှုတ် ချ​လော့။-

မိ​မိ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ပေါ်​လွင်​စေ​ကြ​လိမ့်​မည်။ သင်​၏​အ​သည်း​နှ​လုံး သည်​သန်​လျက်​ဖြင့်​အ​ခွင်း​ခံ​ရ​သ​ကဲ့​သို့​ဖြစ် လိမ့်​မည်'' ဟု​မယ်​တော်​မာ​ရိ​အား​မြွက်​ဆို​၏။

သူ​ငယ်​တော်​ကို​ဆက်​ကပ်​သည့်​အ​ချိန်​၌​ထို အ​မျိုး​သ​မီး​သည်​ရောက်​လာ​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​၏။ ထို နောက်​ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တင်​တော်​မူ လိမ့်​မည်​ဟု စောင့်​မျှော်​နေ​ကြ​ကုန်​သော​လူ အ​ပေါင်း​တို့​အား​သူ​ငယ်​တော်​၏​အ​ကြောင်း ကို​ပြော​ဆို​၏။

ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊ မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။ သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။

သူ့​မှာ​အိမ်​ထောင်​မ​ကျ​သေး​သော​သ​မီး​လေး ယောက်​ရှိ​၏။ ထို​သ​မီး​တို့​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​သူ များ​ဖြစ်​ကြ​၏။-

မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-

အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​ရ​မည်။ ထို​သူ​၌​ဇ​နီး တစ်​ယောက်​သာ​ရှိ​ရ​မည်။ သူ​သည်​သမ္မာ​သ​တိ ရှိ​သူ၊ ဣန္ဒြေ​စောင့်​စည်း​သူ၊ လျောက်​ပတ်​စွာ​နေ​ထိုင် ကျင့်​ကြံ​သူ​ဖြစ်​ရ​မည်။ ဧည့်​ဝတ်​ကျေ​ပွန်​သူ ဖြစ်​ရ​မည်။ သင်​ကြား​တတ်​သူ​ဖြစ်​ရ​မည်။-

မု​ဆိုး​မ​တစ်​ယောက်​သည်​အ​သက်​ခြောက်​ဆယ် ကျော်​မှ​သာ​လျှင် မု​ဆိုး​မ​စာ​ရင်း​တွင်​နာ​မည် သွင်း​ပါ။ သူ​သည်​တစ်​ကြိမ်​သာ​လျှင်​ထိမ်း​မြား လက်​ထပ်​ခဲ့​သူ​ဖြစ်​ရ​မည်။-

ပဉ္စမ​အ​ကြိမ် မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​အာရှာ​အ​နွယ် မိ​သား​စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ ၏။-

ထို​အ​ခါ​လ​ဝိ​ဒုတ်​၏​ဇ​နီး​ဒေ​ဗော​ရ​သည် ပ​ရော​ဖက်​မ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​တ​ရား​သူ​ကြီး​တစ်​ဦး​အ​ဖြစ် အ​မှု​ထမ်း​လျက်​နေ​၏။-

ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ