Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 2:19

Common Language Bible

သို့​သော်​မာ​ရိ​သည်​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​မှတ်​ကျုံး​ကာ​စဉ်း​စား​ဆင်​ခြင်​လျက်​နေ ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​၏​အစ်​ကို​တို့​က​သူ့​အား​မုန်း​တီး ကြ​၏။ သူ​၏​ဖ​ခင်​က​မူ​ထို​အ​ကြောင်း​ကို မှတ်​ကျုံး​ထား​လေ​၏။

ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။

ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။

ငါ​၏​အိပ်​မက်​နှင့်​သက်​ဆိုင်​သော​အ​ကြောင်း​အ​ရာ​များ​ကား​ဤ​တွင်​ပြီး​သ​တည်း။ ငါ​သည်​လွန်​စွာ​ထိတ်​လန့်​သ​ဖြင့်​မျက်​နှာ​ညှိုး​ငယ်​၍​သွား​၏။ ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​စိတ်​တွင်​မှတ်​ကျုံး​ထား​၏။

ပ​ညာ​ဉာဏ်​ရှိ​သူ၊ ခွဲ​ခြား​ဝေ​ဖန်​နိုင်​သူ​တို့​သည် ဤ​ကျမ်း​တွင်​ရေး​ထား​သ​မျှ​တို့​ကို​သ​ဘော ပေါက်​နား​လည်​၍​မှတ်​သား​နိုင်​ကြ​စေ။ ထာ​ဝ​ရ ဘု​ရား​ချ​မှတ်​သော​နည်း​လမ်း​တို့​သည်​မှန်​ကန် သ​ဖြင့် ဖြောင့်​မတ်​သူ​တို့​သည်​ထို​နည်း​လမ်း​များ အ​တိုင်း​လိုက်​နာ​၍ အ​သက်​ရှင်​နေ​ထိုင်​ကြ​၏။ သို့​သော်​အ​ပြစ်​ကူး​သူ​တို့​မူ​ကား ထို​နည်း လမ်း​များ​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့်​ခြေ ချော်​၍​လဲ​ကျ​ကြ​သ​တည်း။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​သား​ထား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ကြား​ကြ​သူ​အ​ပေါင်း​တို့​သည် ``ဤ​သူ​ငယ် ကား​အ​ဘယ်​သို့​သော​သူ​ဖြစ်​လိမ့်​မည်​နည်း'' ဟု​ပြော​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး တော်​သည်​ထို​သူ​ငယ်​အ​ပေါ်​သက်​ရောက်​လျက် နေ​တော်​မူ​၏။

သိုး​ထိန်း​များ​ပြော​ကြား​ချက်​ကို​ကြား​ရ​သူ အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။-

ထို​နောက်​သူ​ငယ်​တော်​သည်​မိ​ဘ​တို့​နှင့်​အ​တူ လိုက်​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော်​မိ​ဘ​တို့​၏ စ​ကား​ကို​နာ​ခံ​လျက်​နေ​၏။ မယ်​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို​စိတ်​နှ​လုံး​ထဲ မှာ​မှတ်​ကျုံး​ထား​၏။-

ထို​သူ​တို့​၏​စ​ကား​ကို​ဒါ​ဝိဒ်​နှ​လုံး​သွင်း​၍ အာ​ခိတ်​မင်း​အား​အ​လွန်​ကြောက်​ရွံ့​သော ကြောင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ