လုကာ 19:9Common Language Bibleသခင်ယေရှုက ``ဤသူသည်လည်းအာဗြဟံ ၏သားမြေးဖြစ်သဖြင့်ကယ်တင်ခြင်းကျေးဇူး သည်ယနေ့ပင်ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။- အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတို့အားကိုယ်တော်ရှင်၏အလိုတော်ကို ဖော်ပြသောအလင်းဖြစ်စေရန်နှင့်၊ ကိုယ်တော်၏လူစုတော်ဖြစ်သောဣသရေလသည် ဂုဏ်အသရေထွန်းလင်းလာစေရန်၊ လူမျိုးအပေါင်းတို့ ရှေ့မှောက်တွင် ကိုယ်တော်ရှင်အသင့်ပြင်ဆင်ထားတော်မူသော ကယ်တင်ခြင်းကျေးဇူးကို၊အကျွန်ုပ်သည်ဒိဋ္ဌတွေ့ မြင် ရပါပြီ'' ဟုမြွက်ဆို၏။
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-