Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 19:47

Common Language Bible

ကိုယ်​တော်​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​၌ ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ကိုယ်​တော် ကို​သတ်​ရန်​အ​ခွင့်​ရှာ​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ဗိ​မာန်​တော်​သို့​ပြန်​လည်​ကြွ​လာ တော်​မူ​၍​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပြီး​လျှင် ``အ​ရှင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့် ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့် အား​အ​ဘယ်​သူ​ပေး​အပ်​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။

ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။-

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကြား​၍ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း ရှာ​ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ယင်း​သို့ သွန်​သင်​တော်​မူ​သည်​ကို​လွန်​စွာ​အံ့​သြ​လျက် ရှိ​ကြ​သော​ကြောင့် ထို​သူ​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​၏။

ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့ ကို​ရည်​ဆောင်​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ ကြောင်း​သိ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​ကို ကြောက်​သော​ကြောင့်​အ​ထံ​တော်​မှ​ထွက်​သွား ကြ​၏။

ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျ​ရောက် ရန် နှစ်​ရက်​မျှ​အ​လို​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ကိုယ်​တော် ကို​တိတ်​တ​ဆိတ်​ဖမ်း​ဆီး​၍​သတ်​ရန်​နည်း လမ်း​ရှာ​ကြံ​လျက်​နေ​ကြ​၏။-

ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် သင်​တို့ ရှေ့​မှာ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ သင်​တို့​ငါ့​ကို မ​ဖမ်း​မ​ဆီး​ခဲ့​ကြ။ သို့​ရာ​တွင်​ကျမ်း​စာ​လာ သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်'' ဟု​ထို​သူ​တို့ အား​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏ တ​ရား​စ​ကား​များ​ကို​အ​ထူး​အာ​ရုံ​စိုက်​၍ နာ​ယူ​နေ​ကြ​သော​ကြောင့်​ကိုယ်​တော်​အား အ​ဘယ်​နည်း​ဖြင့်​သတ်​ရ​မည်​ကို​မ​သိ​ကြ။

ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။-

ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ရှောင်​တိမ်း​၍​ကြွ​သွား​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။-

မော​ရှေ​သည်​သင်​တို့​အား​ပ​ညတ်​တရား​ကို ပေး​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း​သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ ထို​ပ​ညတ်​တ​ရား​ကို မ​ကျင့်​သုံး​ကြ။ သင်​တို့​သည်​ငါ့​ကို​သတ်​ရန် အ​ဘယ်​ကြောင့်​ရှာ​ကြံ​ကြ​သ​နည်း'' ဟု မိန့်​တော်​မူ​၏။

လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို ကြ​၏။ သို့​သော်​လည်း​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ