ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။-
သူ၏လက်ထက်တော်၌ယေရုရှလင်မြို့တွင်ငွေ သည်ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုး သားသည်ယုဒပြည်တောင်ခြေ၌အလေ့ကျ ပေါက်သောပိုးစာပင်ကဲ့သို့လည်းကောင်းပေါ များလေသည်။-
သူ၏နန်းသက်တစ်လျှောက်၌ယေရုရှလင် မြို့တွင်ငွေနှင့်ရွှေသည်ကျောက်ခဲကဲ့သို့၊ သစ် ကတိုးသားသည်ယုဒတောင်ခြေ၌ပေါက် သောသဖန်းပင်ကဲ့သို့ပေါများလေသည်။-
သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊ သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
``အုတ်တိုက်များပြိုကျပြီဖြစ်သော်လည်း ယင်းတို့ကိုငါတို့သည်ဆစ်ကျောက်များဖြင့် အစားထိုးတည်ဆောက်ကြကုန်အံ့။ သဖန်း သားယက်မများကိုခုတ်ဖြတ်ပစ်ကြသော် လည်း၊ ငါတို့သည်ယင်းတို့ကိုအကောင်းဆုံး အာရစ်သား(သစ်ကတိုးသား) ဖြင့်အစားထိုး ကြကုန်အံ့'' ဟုဆိုကြ၏။
ထိုအခါအာမုတ်က``ငါသည်အခကြေး ငွေယူ၍ပရောဖက်ပြုသောပရောဖက် တစ်ယောက်မဟုတ်။ ငါသည်သိုးထိန်းဖြစ် ၍သင်္ဘောသဖန်းပင်များကိုပြုစုနေသူ တစ်ဦးဖြစ်၏။-
သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။
သခင်ယေရှုကားအဘယ်သူဖြစ်သည်ကိုတွေ့ မြင်လိုသဖြင့်ကြိုးစား၍ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သည့်အလျောက် လူပရိသတ် များကွယ်လျက်နေသဖြင့်ကိုယ်တော်ကိုမမြင် နိုင်။-
ကိုယ်တော်သည်ထိုနေရာသို့ရောက်သောအခါ မော်၍ကြည့်တော်မူပြီးလျှင် ``ဇက္ခဲ၊ အမြန်ဆင်း ခဲ့လော့။ ယနေ့သင်၏အိမ်တွင်ငါတည်းခိုမည်'' ဟု မိန့်တော်မူ၏။
သို့ရာတွင်လူပရိသတ်တိုးမပေါက်သဖြင့် အိမ်အမိုးပေါ်သို့တက်ပြီးလျှင်အုတ်ကြွပ် များကိုဖောက်၍ သူနာကိုထမ်းစင်နှင့်တကွ လူတို့အလယ်သခင်ယေရှု၏ရှေ့တော်သို့ လျောချကြ၏။-