တရားသူကြီးသည်အတန်ကြာမျှမုဆိုးမ ၏လျှောက်ထားချက်ကိုငြင်းဆန်နေခဲ့၏။ ထို နောက် `ငါသည်ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်တတ်။-
`ငါ၏လယ်ယာထွက်သီးနှံများကိုသိုထား ရန်နေရာမရှိ။ ငါသည်အဘယ်သို့ပြုရ အံ့နည်း' ဟု တစ်ကိုယ်တည်းတွေးတောလျက် နေ၏။-
မန်နေဂျာသည်`ငါအဘယ်သို့ပြုရမည်နည်း။ ငါ့သူဌေးသည်မန်နေဂျာရာထူးကိုရုပ်သိမ်း လေပြီ။ ငါ့မှာမြေတူးဆွနိုင်သောခွန်အား မရှိ။ တောင်းရမ်းစားရန်လည်းငါရှက်၏။-
ကိုယ်တော်က ``မြို့ကြီးတစ်မြို့မှာတရားသူ ကြီးတစ်ယောက်ရှိ၏။ သူသည်ဘုရားသခင်ကို မကြောက်။ လူမျက်နှာကိုမထောက်သူဖြစ်၏။-
ထိုမြို့မှာပင်မုဆိုးမတစ်ယောက်ရှိ၏။ သူသည် တရားသူကြီး၏ထံသို့အကြိမ်ကြိမ်လာ ၍ `ကျွန်မ၏တရားတွေ့ဘက်အပေါ်တွင် အနိုင်ရအောင်စီရင်တော်မူပါ' ဟုလျှောက် ထား၏။-
ဥယျာဉ်ရှင်သည် `ငါအဘယ်သို့ပြုရအံ့နည်း။ ငါ၏တစ်ဦးတည်းသောသားကိုစေလွှတ်မည်။ သူ့ကိုတွေ့လျှင်ခြံသမားတို့လေးစားကြ ရာ၏' ဟုဆို၏။-
ငါတို့အားဆုံးမသောလူဖခင်ကိုငါတို့ ကရိုသေလေးစားကြပေသည်။ သို့ဖြစ်၍ ငါတို့သည်ဝိညာဉ်ရေးဆိုင်ရာဖခင်၏ အဆုံးအမကိုပို၍ပင် ခံယူကာအသက် ရှင်သင့်ကြသည်မဟုတ်လော။-
ထိုအမျိုးသမီးသည်ဤအမှုနှင့်ပတ်သက်၍ ပွဲရက်ခုနစ်ရက်စလုံးပင်ငိုကြွေးလျက်နေ၏။ သို့ရာတွင်ခုနစ်ရက်မြောက်သောနေ့၌သူ သည်အလွန်ပူဆာသဖြင့် ရှံဆုန်သည်သူ့အား စကားထာကိုဖော်ပြလိုက်တော့၏။ ထိုအခါ သူသည်လည်းဖိလိတ္တိအမျိုးသားတို့အား ပြောပြလိုက်လေသည်။-