Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 18:38

Common Language Bible

ထို​သူ​က ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ် ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​ဆက်​သည်​ခုတ်​လှဲ​သည့်​သစ်​ပင်​နှင့် တူ​၏။ သို့​ရာ​တွင်​သစ်​ငုတ်​မှ​အ​ကိုင်း​အ​ခက် များ​ထွက်​လာ​သ​ကဲ့​သို့ ဒါ​ဝိဒ်​၏​သား​မြေး များ​အ​ထဲ​မှ​ဘု​ရင်​သစ်​တစ်​ပါး​ပေါ်​ထွက် လာ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​၏​ဖြောင့်​မတ်​သော သား​မြေး​တစ်​ဦး​ကို မင်း​အ​ဖြစ်​ငါ​ရွေး​ချယ် ခန့်​ထား​မည့်​အ​ချိန်​ဧ​ကန်​အ​မှန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​မင်း​သည်​ပ​ညာ​ဉာဏ်​နှင့်​အုပ် စိုး​၍​တိုင်း​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မှန် တ​ရား​အ​တိုင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​လိမ့် မည်။-

လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​ပါ မည်​လော'' ဟု​ဆို​ကြ​၏။

ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊-

ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။

သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။

လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကြွ​လာ တော်​မူ​လျက်​ရှိ​ကြောင်း​ပြော​ကြ​၏။

ရှေ့​တွင်​ရှိ​သည့်​လူ​များ​က​သူ့​အား​တိတ်​တိတ် နေ​ရန်​ငေါက်​ငမ်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း သူ​သည် ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။

ထို​သ​တင်း​ကောင်း​ကား​ဘု​ရား​သ​ခင်​၏​သား တော် ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း ပင်​ဖြစ်​ပေ​သည်။ ထို​အ​ရှင်​သည်​လူ့​ဇာ​တိ​အား ဖြင့်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​တော်​မူ​သည်။-

``ငါ​ယေ​ရှု​သည်​အ​သင်း​တော်​များ​ရှိ​သင်​တို့​အား ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ကြေ​ညာ​ရန် ငါ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​နွယ်​ဝင်​ဖြစ်​၏။ ထွန်း​လင်း​တောက်​ပ သော​မိုး​သောက်​ကြယ်​လည်း​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ