Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 18:19

Common Language Bible

သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ခေါ်​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။

သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။

ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-

သင်​တို့​သည်​ဆိုး​သော​သူ​များ​ဖြစ်​လျက်​ပင် သား​သ​မီး​များ​အား​အ​ကောင်း​ကို​ပေး​တတ် လျှင်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် တောင်း​လျှောက်​သော​သူ​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​သာ​၍​ပေး​တော်​မူ​မည်​မ​ဟုတ် လော'' ဟု​မိန့်​တော်​မူ​၏။

ယု​ဒ​အ​မျိုး​သား​အ​ရာ​ရှိ​တစ်​ယောက် က ``ကောင်း​မြတ်​တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​ငှာ​အ​ကျွန်ုပ်​သည်​အ​ဘယ် အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော် အား​မေး​လျှောက်​၏။

သင်​သည်​ပ​ညတ်​တော်​တို့​ကို​သိ​သည်​မ​ဟုတ် လော။ `သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။ လူ့​အ​သက် ကို​မ​သတ်​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။ မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့'' ဟု​မိန့်​တော်​မူ​၏။

ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​နက်​နဲ​ပုံ​ကို အ​ဘယ်​သူ​မျှ​ငြင်း​ဆို​၍​မ​ရ​ပေ။ ထို​နက်​နဲ ပုံ​ကား​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​၌​ပေါ်​ထွန်း​တော်​မူ ပြီ။ ဟုတ်​မှန်​တော်​မူ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​တ​မန်​များ​သည်​ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ ကိုယ်​တော်​၏​အ​ကြောင်း​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​သည်​ယုံ​ကြည်​ကြ​ပြီ။ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ပြီ။

သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။-

ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ