လုကာ 17:5Common Language Bibleတမန်တော်တို့ကသခင်ဘုရားအား ``အကျွန်ုပ် ၏ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ'' ဟု လျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။