ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက် အနက်တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက် ကိုထားခဲ့လတ္တံ့။-
အီဂျစ်ပြည်တွင်ဘုရင်၏နန်းလျာသားဦးမှ စ၍ ကြိတ်ဆုံကြိတ်သောကျွန်မ၏သားဦး တိုင်အောင် သားဦးဟူသမျှတို့ကိုသေစေမည်။ တိရစ္ဆာန်အပေါင်းတို့၏သားဦးပေါက်မှန် သမျှကိုလည်းသေစေမည်။-
ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။-
သင်တို့အားငါဆိုသည်ကားထိုညတွင်အိပ်ရာ တစ်ခုမှာအိပ်နေသူ လူနှစ်ယောက်အနက်တစ် ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။-
ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-