Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 17:3

Common Language Bible

သို့​ဖြစ်​၍​သ​တိ​ထား​လျက်​ပြု​မူ​ကြ​လော့။ ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင် သူ​အား​ဆုံး​မ​လော့။ သူ​သည်​နောင်​တ​ရ​လျှင် အ​ပြစ်​ဖြေ​လွှတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။

သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​မည့်​ပြည်​သား​တို့ နှင့်​မ​ဟာ​မိတ်​မ​ဖွဲ့​ရန်​သ​တိ​ပြု​လော့။ ထို သို့​ပြု​လုပ်​လျှင် သင်​တို့​သည်​သူ​တို့​၏ ထောင်​ချောက်​တွင်း​သို့​ကျ​လိမ့်​မည်။-

မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။

ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။

မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။

``သူ​တစ်​ပါး​အား​ရန်​ငြိုး​မ​ထား​နှင့်။ သူ့ ကြောင့်​သင်​သည်​အ​ပြစ်​မ​ကူး​လွန်​မိ​စေ ရန် သူ​နှင့်​သ​ဘော​ကွဲ​လွဲ​ချက်​များ​ကို​တွေ့ ဆုံ​ဖြေ​ရှင်း​လော့။-

ထို​နောက်​ပေ​တ​ရု​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​လျှင်​သူ့​အား​အ​ကြိမ်​မည် မျှ​အ​ပြစ်​ဖြေ​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ် တိုင်​အောင်​ဖြေ​လွှတ်​ရ​ပါ​မည်​လော'' ဟု​မေး လျှောက်​၏။

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။-

``ထာ​ဝ​ရ​ဘု​ရား​သည်​သိနာ​တောင်​ပေါ်​တွင် မီး​ထဲ​က​သင်​တို့​အား​မိန့်​မြွက်​တော်​မူ​သော အ​ခါ​၌ သင်​တို့​သည်​ကိုယ်​တော်​၏​ပုံ​သဏ္ဌာန် တော်​ကို​လုံး​ဝ​မ​မြင်​ရ​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ​သဏ္ဌာန်၊ တိရစ္ဆာန်​သို့​မ​ဟုတ်​ငှက်​သဏ္ဌာန်၊ တွား​တတ်​သော သတ္တဝါ​သို့​မ​ဟုတ်​ငါး​သဏ္ဌာန်​နှင့်​တူ​သော ရုပ်​တု​ကို​ထု​လုပ်​၍​အ​ပြစ်​မ​ပြု​မိ​စေ ရန်​အ​ထူး​သ​တိ​ပြု​ကြ​လော့။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို​မ​မေ့ ရန်​သတိ​ပြု​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မီး​လျှံ​နှင့်​တူ​သော ဘု​ရား၊ ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​သော ဘု​ရား​ဖြစ်​သော​ကြောင့် ကိုး​ကွယ်​ရန်​အ​တွက် မည်​သည့်​ရုပ်​တု​ကို​မျှ​မ​ထု​လုပ်​နှင့်​ဟူ​သော ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လော့။''

သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အ​နက်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ မှား​၍​သွား​သ​ဖြင့် အ​ခြား​သူ​တစ်​ယောက်​က လမ်း​မှန်​သို့​ပြန်​လည်​ပို့​ဆောင်​ခဲ့​သည်​ဆို​အံ့။-

သို့​ဖြစ်​၍​သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​၏​ကြိုး​ပမ်း​ဆောင်​ရွက် ချက်​များ​သည်​အ​ချည်း​နှီး​မ​ဖြစ်​ဘဲ သင်​တို့ သည်​အ​ကျိုး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ