ထိုနောက်ထိုသူအား ``သင်ထ၍သွားလော့။ သင် ၏ယုံကြည်ခြင်းသည်သင့်ရောဂါကိုပျောက်စေ ပြီ'' ဟုမိန့်တော်မူ၏။
သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။
သခင်ယေရှုက ``သွားလော့။ သင်၏ယုံကြည် ခြင်းသည်သင့်ရောဂါကိုပျောက်စေပြီ'' ဟု မိန့်တော်မူ၏။ ချက်ချင်းပင်ထိုသူသည်မျက်စိမြင်၍ ကိုယ်တော် ကြွတော်မူရာလမ်းတွင်နောက်တော်ကလိုက်လေ သည်။
ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည်သင့်မျက်စိကိုမြင်စေပြီ'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။
ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်း သည်သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားပေတော့'' ဟုမိန့်တော်မူ၏။