လုကာ 16:8Common Language Bibleဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။ အခန်းကိုကြည့်ပါ။ |
ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-