Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 16:26

Common Language Bible

ထို​မှ​တစ်​ပါး​သင်​တို့​နှင့်​ငါ​တို့​စပ်​ကြား​တွင် နက်​စွာ​သော​ချောက်​ကြီး​တစ်​ခု​တည်​ရှိ​၏။ ထို ကြောင့်​သင်​တို့​ဘက်​မှ​ငါ​တို့​ဘက်​သို့​လည်း ကောင်း၊ ငါ​တို့​ဘက်​မှ​သင်​တို့​ဘက်​သို့​လည်း ကောင်း​ကူး​ဖြတ်​လို​သူ​တို့​သည်​မ​ကူး​ဖြတ် နိုင်​ကြ' ဟု​ပြန်​၍​ပြော​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​သိုး​များ​ကဲ့​သို့​သေ​ကြ​ရ​၏။ သေ​မင်း​သည်​သူ​တို့​၏​သိုး​ထိန်း​ဖြစ်​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​မိ​မိ​တို့​အိမ်​နှင့် ဝေး​ကွာ​လှ​သည့်​မ​ရ​ဏာ​နိုင်​ငံ​တွင် မ​ကြာ​မီ​ပုပ်​ပျက်​သွား​စဉ်​သူ​တော်​ကောင်း​တို့ သည် သူ​တို့​ကို​အ​နိုင်​ရ​ကြ​လိမ့်​မည်။

``ငါ့​ကို​မေ့​လျော့​သူ​တို့၊​ဤ​အ​ချက်​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ပြု​ပါ​မူ​ငါ​သည်​သင်​တို့​အား​သုတ်​သင် ဖျက်​ဆီး​မည်။ သင်​တို့​အား​ကယ်​မည့်​သူ​လည်း​တစ်​ဦး​တစ်​ယောက် မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မ​ထီ​မဲ့​မြင်​ပြု​သော​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး တို့​သည် နောက်​တစ်​ဖန်​နာ​ကျင်​စွာ​စူး​သော​ငြောင့် သ​ဖွယ်​မ​ဖြစ်​ရ။ ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

တစ်​ဖန်​တုံ​ငါ​၏​လူ​စု​သည်​သူ​တော်​ကောင်း နှင့် သူ​ယုတ်​မာ​တို့​တွေ့​ကြုံ​ခံ​စား​ရ​မှု​မ​တူ ပုံ​ကို​လည်း​ကောင်း၊ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် သူ​နှင့်​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​သူ​တို့ တွေ့​ကြုံ ခံ​စား​ရ​မှု​မ​တူ​ပုံ​ကို​လည်း​ကောင်း​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အ​ကြွေး​အ​ကုန်​ပြေ​လည်​အောင်​မ​ဆပ်​မ​ချင်း သင်​သည်​ထောင်​မှ​ထွက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​၏'' ဟူ​၍​ပ​ရိ​သတ်​သင်​တို့​အား​မိန့် တော်​မူ​၏။

``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-

သူ​ဌေး​က `အ​ဖ၊ ထို​သို့​ဖြစ်​ပါ​မူ​လာ​ဇ​ရု​အား အ​ကျွန်ုပ်​၏​အ​ဖ​အိမ်​သို့​စေ​လွှတ်​ပေး​ပါ​ရန် တောင်း​ပန်​ပါ​၏။-

သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။

သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။

မ​တ​ရား​သော​အ​မှု​ကို​ပြု​သော​သူ​သည်​ပြု​မြဲ ပြု​ပါ​စေ။ ညစ်​ညမ်း​သူ​သည်​ဆက်​လက်​၍​ညစ်​ညမ်း လျက်​နေ​ပါ​စေ။ ဖြောင့်​မတ်​သူ​သည်​ဆက်​လက်​၍ ဖြောင့်​မတ်​ပါ​စေ။ မြင့်​မြတ်​သန့်​ရှင်း​သူ​သည်​ဆက် လက်​၍​မြင့်​မြတ်​သန့်​ရှင်း​ပါ​စေ'' ဟု​ငါ့​အား ဆို​၏။

အ​ဘိ​ဂဲ​လ​သည်​လည်း​နာ​ဗ​လ​ထံ​သို့​ပြန် လေ​၏။ နာ​ဗ​လ​ကား​မိ​မိ​၏​အိမ်​တွင် ဘု​ရင့် ပွဲ​တော်​တ​မျှ​ခမ်း​နား​သည့်​စား​ပွဲ​ကြီး​ကို ကျင်း​ပ​လျက်​နေ​၏။ သူ​သည်​သေ​ရည်​ယစ်​မူး ကာ​ပျော်​ရွှင်​လျက်​ရှိ​သ​ဖြင့် အ​ဘိ​ဂဲ​လ သည်​သူ့​အား​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ပြော​ဘဲ​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ