လုကာ 16:23Common Language Bibleသူသည်မရဏနိုင်ငံတွင်ဝေဒနာပြင်းစွာခံ နေရသဖြင့် မျှော်ကြည့်လိုက်သောအခါအာဗြဟံ ကိုလည်းကောင်း၊ အာဗြဟံ၏လက်ယာဘက်တွင် လာဇရုကိုလည်းကောင်းမြင်လေ၏။- အခန်းကိုကြည့်ပါ။ |
``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။-
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-