သူသည်ထိုဒင်္ဂါးကိုတွေ့သောအခါမိတ်ဆွေနှင့် အိမ်နီးချင်းတို့ကိုခေါ်၍`ပျောက်သွားသောဒင်္ဂါး ကိုငါပြန်တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်း မြောက်ကြလော့' ဟုဆိုလိမ့်မည်။-
ဤသို့သူ့အားထာဝရဘုရားသည်အံ့သြဖွယ် ကောင်းအောင်ကျေးဇူးပြုတော်မူကြောင်းကြားကြ သောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်း တို့သည်သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။
ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။
``တစ်နည်းကား၊ အမျိုးသမီးတစ်ဦးသည်မိမိ မှာရှိသည့်ဒင်္ဂါးဆယ်ပြားအနက်တစ်ပြားပျောက် သွား၏။ ထိုအခါသူသည်မီးထွန်း၍ အိမ်ကို လှည်းကျင်းကာမတွေ့မချင်းသေချာစွာရှာ မည်မဟုတ်လော။-