Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 14:7

Common Language Bible

စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊-

သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။-

ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ၊ တ​ရား​ဇရပ်​များ​တွင်​သီး​သန့် ထား​သော​နေ​ရာ​များ​ကို​နှစ်​သက်​ကြ​၏။-

``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-

``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝတ်​၍​ပ​လွှား သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက်​တွင်​အ​လေး ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။ တ​ရား​ဇ​ရပ်​များ​တွင် သီး​သန့်​ထား​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-

ကြွား​ဝါ​လို​သော​စိတ်၊ ကျော်​စော​ကိတ္တိ​ကို​တပ်​မက် သော​စိတ်​တို့​ဖြင့်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ကြ နှင့်။ သူ​တစ်​ပါး​သည်​မိ​မိ​ထက်​သာ​သည်​ဟု အ​စဉ်​ယူ​ဆ​လျက်​စိတ်​နှိမ့်​ချ​ကြ​လော့။-

ငါ​သည်​အ​သင်း​တော်​သို့​စာ​ရေး​ခဲ့​သော် လည်း အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​လို သူ​ဒ​ယော​တ​ရပ်​က​ငါ့​စ​ကား​ကို​မ​နာ ခံ။-

ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ