Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 14:3

Common Language Bible

ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​အပ်​သ​လော'' ဟု​ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အား​မေး​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။

ဤ​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``ကြည့် ပါ။ ကိုယ်​တော်​၏​တ​ပည့်​များ​သည်​ဥ​ပုသ်​နေ့​၌​မ​ပြု အပ်​သော​အ​မှု​ကို​ပြု​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။

သူ​တို့​အ​ထဲ​မှ​ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက် က ``ဆ​ရာ​တော်၊ ပ​ညတ်​ကျမ်း​မှာ​အ​ဘယ်​ပ​ညတ် သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​ပ​ရိ ယာယ်​ဆင်​၍​မေး​လျှောက်​လေ​၏။-

ထို​နောက်​ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​တွင်​အ​ကောင်း ကို​ပြု​အပ်​သ​လော။ အ​ဆိုး​ကို​ပြု​အပ်​သ​လော။ လူ့​အ​သက်​ကို​ကယ်​အပ်​သ​လော၊ သတ်​အပ် သ​လော'' ဟု​ထို​သူ​တို့​အား​မေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ဆိတ်​ဆိတ်​နေ​ကြ​၏။-

ကိုယ်​တော်​၏​ရှေ့​တွင်​ရေ​ဖျင်း​နာ​စွဲ​သူ​လူ တစ်​ယောက်​ရှိ​၏။-

သို့​ရာ​တွင်​သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​နာ​ကို​ခေါ်​လျက်​ရော​ဂါ​ကို ပျောက်​ကင်း​စေ​ပြီး​လျှင်​သူ့​အား​ထွက်​သွား စေ​တော်​မူ​၏။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ပ​ညတ်​တ​ရား​အ​ရ ဥ​ပုသ်​နေ့​၌ အ​ကောင်း​ကို​ပြု​အပ်​သ​လော၊ အ​ဆိုး ကို​ပြု​အပ်​သ​လော၊ လူ့​အ​သက်​ကို​ကယ်​အပ် သ​လော၊ သတ်​အပ်​သ​လော၊ သင်​တို့​အား​ငါ​မေး​၏'' ဟု​မိန့်​တော်​မူ​၏။-

ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ