သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
ငါကလည်း``အကယ်၍ကျွန်တော်မျိုးပြော ဆိုသတိပေးသော် အဘယ်သူသည်ကျွန်တော် မျိုး၏စကားကိုနားထောင်ပါမည်နည်း။ သူ တို့သည်နားများကိုပိတ်၍ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်ကိုနာခံရန်ငြင်းဆိုလျက် ကိုယ် တော်ရှင်၏နှုတ်ကပတ်တော်ကိုပြက်ရယ်ပြု ကြပါ၏။-
အချိန်ရောက်သောအခါမိမိဖိတ်ခေါ်ထား သူများ၏ထံသို့အစေခံတစ်ယောက်အား စေလွှတ်၍ `ကြွကြပါ၊ အားလုံးအသင့်ရှိ ပြီ' ဟုပြောကြားစေ၏။-
အခြားတစ်ယောက်က `အကျွန်ုပ်သည်နွားငါးရှဉ်း ကိုဝယ်ထားသဖြင့် သွား၍စမ်းသပ်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။-
ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
သို့သော်လည်းသင်တို့သည်အသက်ရအံ့သော ငှာငါ့ထံသို့မလာလိုကြ။
ပြင်ပလက္ခဏာများကိုကိုးစားမှုလိုအပ်သည်ဟု ဆိုလျှင်ငါ့မှာရှိ၏။ ထိုပြင်ပလက္ခဏာများကို ကိုးစားနိုင်သူတစ်ဦးတစ်ယောက်ရှိသည်ဟုဆို ပါက ငါ့မှာထိုသူထက်ပို၍ကိုးစားနိုင်စရာ အကြောင်းရှိ၏။-
ဒေမသည်ဤလောကကိုစွဲလမ်းသဖြင့်ငါ့ကို စွန့်ခွာ၍သက်သာလောနိတ်မြို့သို့ထွက်ခွာသွား လေသည်။ ကရက္ကေသည်ဂလာတိပြည်သို့လည်း ကောင်း၊ တိတုသည်ဒါလမာတိပြည်သို့လည်း ကောင်းသွားပြီ။-
သူတို့သည်သမ္မာတရားကိုနားမထောင်ဘဲဒဏ္ဍာ ရီစကားများကိုသာနားထောင်ကြလိမ့်မည်။-
အဘယ်သူမျှဧသောကဲ့သို့မသမာသူ၊ လောကီဆန်သူမဖြစ်စေနှင့်။ ဧသောသည် သားဦးအရာကိုထမင်းတစ်နပ်စာဖြင့် ရောင်းခဲ့ပေသည်။-