Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 14:11

Common Language Bible

မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​အား​ကယ်​တော် မူ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​၏။

ထို​အ​ခါ​မင်း​ကြီး​သည်​ဟာ​မန်​အား``အ​ဝတ် တန်​ဆာ​နှင့်​မြင်း​တော်​ကို​အ​မြန်​ယူ​၍​ယု​ဒ အ​မျိုး​သား​မော်​ဒ​ကဲ​အား​ဂုဏ်​ပြု​ချီး​မြှင့် လော့။ သင်​ပြော​သ​မျှ​အ​တိုင်း​ပြု​လော့။ သူ သည်​နန်း​တော်​အ​ဝင်​ဝ​တွင်​ထိုင်​လျက်​နေ သည်​ကို​သင်​တွေ့​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။

ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သော်​လည်း နိမ့်​ကျ​သူ​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၏။ မာန်​မာ​န​ကြီး​သူ​တို့​ကို​မူ​ကား​အ​ဝေး​က သိ​တော်​မူ​၏။

ကိုယ်​တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​ပါ​၏။

ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။

ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။

မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။

လူ​တို့​၏​မာန်​စွယ်​ကျိုး​မည့်​အ​ချိန်၊ မောက်​မာ ထောင်​လွှား​မှု​ပျက်​သုဉ်း​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး တည်း​သာ​လျှင်​ချီး​မြှောက်​ခြင်း​ကို​ခံ​တော်​မူ​ရ လိမ့်​မည်။-

လူ​တို့​၏​မာန်​စွယ်​သည်​ကျိုး​၍​မောက်​မာ​ထောင် လွှား​မှု​များ​သည်​ပျက်​သုဉ်း​ရ​လိမ့်​မည်။ ထို ကာ​လ​ကျ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင် ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​ရ​လိမ့်​မည်။-

``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-

မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နိမ့်​ကျ​ရ​လိမ့် မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။

မ​ဟာ​လက်​ရုံး​တော်​ဖြင့်​မာ​န​ကြီး​သူ​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​၏။

ရှင်​ဘု​ရင်​များ​ကို​နန်း​ချ​၍​သိမ်​ငယ်​သူ​များ​ကို ချီး​မြှင့်​တော်​မူ​ပြီ။

ထို​နောက်​ကိုယ်​တော်​က​အိမ်​ရှင်​အား ``သင်​သည် နံ​နက်​စာ​သော်​လည်း​ကောင်း၊ ည​စာ​သော်​လည်း ကောင်း​ကျွေး​မွေး​ဧည့်​ခံ​မည်​ပြု​သော​အ​ခါ မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ၊ ချမ်း​သာ​ကြွယ်​ဝ​သော​အိမ်​နီး​ချင်း​များ အား​မ​ဖိတ်​မ​ခေါ်​နှင့်။ ဖိတ်​ခေါ်​ခဲ့​ပါ​မူ​သူ တို့​သည်​သင့်​အား​ပြန်​ဖိတ်​ခေါ်​ပြီး​လျှင် ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-

သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သူ​တော်​ကောင်း အ​ဖြစ်​ဖြင့်​အိမ်​သို့​ပြန်​ရ​၏။ ဖာ​ရိ​ရှဲ​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း​ခံ​ရ ၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ခံ​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော် မူ​၏။

ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အား နိမ့် ကျ​သည့်​အ​ခြေ​အ​နေ​မှ ဘု​ရား​သ​ခင်​မြှင့် တင်​ပေး​လိုက်​သော​အ​ခါ​ဝမ်း​မြောက်​စေ။-

သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ် တော်​သည်​သင်​တို့​အား​ချီး​မြှောက်​တော်​မူ​လိမ့် မည်။

သို့​ရာ​တွင်​ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ကျေး​ဇူး​တော်​သည်​ပို​၍​စွမ်း​အား ကြီး​ပေ​သည်။ ``ဘု​ရား​သ​ခင်​သည်​မာ​န​ကြီး သူ​တို့​အား​ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍​နှိမ့်​ချ သော​သူ​တို့​အား​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော် မူ​၏'' ဟု​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​ဖြစ်​၏။

ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​အ​ချိန်​တန်​သော အ​ခါ​သင်​တို့​အား​ချီး​မြှင့်​တော်​မူ​နိုင်​ရန် သင်​တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကြီး​သော လက်​တော်​အောက်​၌​မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ ကြ​လော့။-

ရှ​မွေ​လ​က``သင်​သည်​မိ​မိ​ကိုယ်​ကို​သေး နုတ်​သူ​ဟု​ယူ​ဆ​သော်​လည်း သင်​သည်​ဣ​သ ရေ​လ​အနွယ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​ချေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​တော်​မူ​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ