Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 13:29

Common Language Bible

လူ​တို့​သည်​အ​ရှေ့​အ​နောက်​တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​မှ​လာ​ကြ​ပြီး​လျှင် ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ပွဲ​တွင်​ဝင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-

သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊ သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊

ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''

``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ ကဲ့​သို့​သော​ယုံ​ကြည်​ခြင်း​ကို​ဣသ​ရေ​အ​မျိုး​သား တို့​တွင်​ငါ​မ​တွေ့​မ​ကြုံ​ဘူး​သေး။ လူ​အ​မြောက် အ​မြား​ပင်​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ လာ​၍​ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အာ​ဗြ​ဟံ၊ ဣဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည်။-

ထို​နောက်​လူ​သား​သည်​ကောင်း​ကင်​တ​မန်​များ ကို မြေ​ကြီး​စွန်း​မှ​ကောင်း​ကင်​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍ မိ​မိ​ရွေး ချယ်​ထား​သူ​တို့​ကို​စု​သိမ်း​တော်​မူ​လိမ့်​မည်။''

ထို​အ​ခါ​၌​ယ​ခု​နောက်​ဆုံး​သို့​ရောက်​နေ​သော သူ​တို့​သည် ရှေ့​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု ရှေ့​ဆုံး​သို့​ရောက်​နေ​သူ​တို့​သည် နောက်​ဆုံး​သို့​ရောက် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပေါ​လု​က ``သို့​ဖြစ်​၍ ကယ်​တင်​တော်​မူ​ခြင်း​ဆိုင်​ရာ​ဘု​ရား​သ​ခင်​၏ ကယ်​တင်​ခြင်း​တ​ရား​ကို လူ​မျိုး​ခြား​တို့​ကြား နာ​ရန်​ဟော​ပြော​မည့်​သူ​တို့​ကို​စေ​လွှတ်​ပြီ​ဖြစ် ၍ သူ​တို့​သည်​ကြား​နာ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့'' ဟု​ဆို​၏။

သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။

သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ