Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 13:14

Common Language Bible

ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို​လုပ် လော့။-

``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။

သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-

သင်​တို့​သည်​ဖျား​နာ​နေ​သော​သိုး​တို့​ကို ဘေး​သို့​တွန်း​ဖယ်​ကာ သိုး​အုပ်​ထဲ​မှ​ချို နှင့်​ဝှေ့​ထုတ်​ကြ​၏။-

သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-

ဤ​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``ကြည့် ပါ။ ကိုယ်​တော်​၏​တ​ပည့်​များ​သည်​ဥ​ပုသ်​နေ့​၌​မ​ပြု အပ်​သော​အ​မှု​ကို​ပြု​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။

ယာ​ဣ​ရု​ဆို​သူ​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သည်​ရောက်​လာ​၏။-

ဖာ​ရိ​ရှဲ​တို့​သည်​များ​စွာ​ဒေါ​သ​ဖြစ်​လျက် သ​ခင်​ယေ​ရှု​အား​အ​ဘယ်​သို့​အ​ရေး​ယူ​ရ မည်​ကို​တိုင်​ပင်​ကြ​၏။

ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​ရန်​အ​ကြောင်း​ရှာ​လို​သ​ဖြင့် ဥ​ပုသ်​နေ့​၌​ထို​သူ​၏​ရော​ဂါ​ကို​ကိုယ်​တော် ပျောက်​ကင်း​စေ​တော်​မူ​မည်​မ​မူ​မည်​ကို​စောင့် ကြည့်​နေ​ကြ​၏။-

ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။-

ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​ကို​ဖတ်​ပြီး သော​အ​ခါ တ​ရား​ဇ​ရပ်​အ​မှု​ဆောင်​လူ​ကြီး များ​သည်​သူ​တို့​အား ``ညီ​အစ်​ကို​တို့၊ လူ​တို့ အား​တိုက်​တွန်း​အား​ပေး​စ​ကား​ပြော​ကြား ရန်​ရှိ​ပါ​လျှင်​ပြော​ကြ​ပါ'' ဟု​လူ​လွှတ်​၍ အ​ကြောင်း​ကြား​ကြ​၏။-

ထို​သူ​တို့​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သု​ဿင်​ကို​ဖမ်း​ဆီး​၍​တ​ရား​ခွင်​ရှေ့​တွင်​ရိုက် နှက်​ကြ​၏။ သို့​ရာ​တွင်​ဂါ​လျုန်​သည်​ထို​အ​ပြု အ​မူ​ကို​လုံး​ဝ​ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။

တ​ရား​ဇ​ရပ်​အုပ်​ချုပ်​မှူး​ကရိပ္ပု​နှင့်​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ အ​ခြား ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​သည် လည်း နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​ရ​၍ ယုံ​ကြည်​ကာ​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ခံ​ယူ​ကြ​၏။

သူ​တို့​သည်​ဘု​ရား​သ​ခင်​အား အ​လွန်​ကြည်​ညို သူ​များ​ဖြစ်​ကြောင်း​ကို​ငါ​အာ​မ​ခံ​နိုင်​၏။ သို့ သော်​သူ​တို့​၏​ကြည်​ညို​မှု​နည်း​လမ်း​သည်​မှန် သော​အ​သိ​ပ​ညာ​အ​ပေါ်​၌​မ​တည်။-

ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ