Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 12:8

Common Language Bible

``သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့​တ​ပည့်​အ​ဖြစ် လူ​တို့​ရှေ့​တွင်​ဝန်​ခံ​သော​သူ​ကို လူ​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​တို့​၏​ရှေ့ တွင် မိ​မိ​တ​ပည့်​အ​ဖြစ်​ဝန်​ခံ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​မား​ကို​ဘု​ရင်​တို့​ရှေ့​တွင် ဖော်​ပြ​ကြေ​ညာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်​ပါ။

သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။

ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် များ​သည် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ ခြင်း​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သည်​ဟု ငါ​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။

သား​တော်​ကို​ပစ်​ပယ်​သူ​သည်​ခ​မည်း​တော်​ကို လည်း​ပစ်​ပယ်​သူ​ဖြစ်​၏။ သား​တော်​ကို​လက်​ခံ သူ​သည်​ခ​မည်း​တော်​ကို​လည်း​လက်​ခံ​သူ ဖြစ်​၏။

သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။

အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ