``ငါသည်ဤလောကကိုမီးလောင်စေရန်လာ ၏။ ယခုပင်မီးလောင်စေချင်လှပြီ။-
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
သို့ရာတွင်သခင်အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ထိုက်သောအမှုကိုပြုမိသောသူ မူကား အနည်းငယ်သာကြိမ်ဒဏ်ခံရလတ္တံ့။ ကျေးဇူးပြုခြင်းများစွာခံရသောသူသည် တာဝန်များစွာရှိလိမ့်မည်။ ပို၍ယုံကြည် အပ်နှံခြင်းခံရသောသူသည်ပို၍ဆောင် ရွက်စရာရှိလိမ့်မည်။
ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-