Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 12:28

Common Language Bible

ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။''

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​သံ​က``ကြွေး​ကြော်​လော့'' ဟု​ဆို​သ​ဖြင့် ``အ​ဘယ်​အ​ရာ​ကို​ကြွေး​ကြော်​ရ​ပါ​မည်​နည်း'' ဟု​ငါ​မေး​လျှင် ``လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​တူ ကြောင်း​နှင့် တော​ပန်း​များ​ကဲ့​သို့​တာ​ရှည်​မ​ခံ​ကြောင်း​ကို ကြွေး​ကြော်​လော့။

ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။

ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​အ​စား​အ​စာ​မ​ပါ​သည် ကို​အ​ဘယ်​ကြောင့်​ဆွေး​နွေး​နေ​ကြ​သ​နည်း။-

သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။-

ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။

ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

ရွာ​သွန်း​သည့်​မိုး​ရေ​ကို​ခံ​ယူ​လျက်​လယ်​သ​မား တို့​အ​ဖို့ အ​သုံး​ဝင်​သော​အ​သီး​အ​နှံ​များ​ကို ဖြစ်​ထွန်း​စေ​သည့်​မြေ​ဆီ​လွှာ​ကို ဘု​ရား​သ​ခင် သည်​ကောင်း​ချီး​ပေး​တော်​မူ​၏။-

``လူ​သား​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​လည်း ကောင်း၊ သူ​တို့​၏​ဘုန်း​အ​သ​ရေ​သည်​မြက်​ပွင့် နှင့်​လည်း​ကောင်း​တူ​ကြ​၏။ မြက်​ပင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​တတ်​၏။ မြက်​ပွင့်​များ​သည်​လည်း​ကြွေ​၍​ကျ​တတ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ