Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 12:20

Common Language Bible

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဟာ​မန်​သည်​မိ​မိ​အ​ဘယ်​မျှ​ချမ်း သာ​ကြွယ်​ဝ​ကြောင်း မိ​မိ​မှာ​သား​ယောကျာ်း အ​ဘယ်​မျှ​ရှိ​ကြောင်း၊ မိ​မိ​အား​ဘု​ရင်​မင်း မြတ်​သည်​ကြီး​မြင့်​သည့်​ရာ​ထူး​ဖြင့်​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​ကြောင်း၊ မိ​မိ​သည်​အ​ခြား မင်း​အ​ရာ​ရှိ​များ​ထက် အ​ဘယ်​မျှ​ပို​၍​အ​ရေး ပါ​အ​ရာ​ရောက်​ကြောင်း​များ​ကို​ကြွား​ဝါ​ပြော ဆို​လေ​သည်။-

အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။

အ​ရိပ်​တ​မျှ​ခ​ဏ​သာ​အ​သက်​ရှင်​ပါ​၏။ သူ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ဘာ​မျှ အ​ကျိုး​မ​ရှိ။ သူ​သည်​စည်း​စိမ်​ဥစ္စာ​ကို​စု​ဆောင်း​သော်​လည်း အ​ဘယ်​အ​ရာ​ကို​အ​ဘယ်​သူ​ရ​ရှိ​လိမ့်​မည်​ကို သူ​မ​သိ။

ပ​ညာ​ရှိ​တို့​သည်​လည်း​ကောင်း၊မိုက်​မဲ​၍ အ​သိ​ဉာဏ်​တုံး​သူ​တို့​သည်​လည်း​ကောင်း သေ​ခြင်း​တ​ရား​ကို​မ​လွန်​ဆန်​နိုင်​ကြောင်း​ကို မည်​သူ​မ​ဆို​တွေ့​မြင်​နိုင်​ပေ​သည်။ သူ​တို့​အား​လုံး​ပင်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သား​မြေး​များ​အ​တွက်​ထား​ခဲ့​ရ​ကြ​၏။

သူ​တို့​သည်​ချက်​ချင်း​ပင်​သေ​ကြေ​ပျက်​စီး ကြ​ပါ​၏။ သူ​တို့​၏​နောက်​ဆုံး​ဖြစ်​အင်​သည်​ကြောက်​မက်​ဖွယ် ကောင်း​လှ​ပါ​၏။

သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။

မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။

အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။

အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။

နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။

အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။

ဤ​သေ​သောက်​ကြူး​တို့​က`လာ​ကြ၊ ငါ​တို့​သည် စ​ပျစ်​ရည်​ကို​ယူ​၍​အ​စွမ်း​ကုန်​သောက်​ကြ ကုန်​အံ့။ နက်​ဖြန်​နေ့​သည်​ယ​နေ့​ထက်​ပင်​ပို ၍​မွေ့​လျော်​ဖွယ်​ကောင်း​လိမ့်​မည်' ဟု​ဆို တတ်​ကြ​၏။''

မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။ သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။

သင်​တို့​က လော​ဒေ​ဗာ​မြို့​ကို​သိမ်း​ပိုက်​နိုင်​ခဲ့ ကြောင်း​ကို​ဝါ​ကြွား​လို​၏။ သင်​တို့​သည်​အ​လ ဟ​သ​ဝါ​ကြွား​လို​၏။ ``ငါ​တို့​အင်​အား​ဖြင့် ကာ​နိမ်​ကို​သိမ်း​ပိုက်​နိုင်​ခဲ့​ပြီ'' ဟူ​၍​လည်း ဆို​ကြ​၏။

သင်​သည်​ဆူး​ချုံ​မြက်​ခြောက်​သ​ဖွယ် မီး​လောင်​ကျွမ်း​သွား​လိမ့်​မည်။

အ​ချင်း​လူ​မိုက်​တို့၊ ပြင်​ပ​သဏ္ဌာန်​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​သဏ္ဌာန်​ကို လည်း​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။-

``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-

လော​က​ထဲ​သို့​လာ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​ဆောင်​၍​မ​လာ​ခဲ့ ကြ။ လော​က​မှ​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ၌​လည်း​အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​၍​မ​သွား နိုင်။-

သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ