လုကာ 11:53Common Language Bibleထိုအရပ်မှကိုယ်တော်ထွက်ကြွတော်မူသော အခါကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ သည် ကိုယ်တော်အားပြင်းထန်စွာဝေဖန်မှုကို စတင်ပြုလုပ်လာကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။