Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 11:48

Common Language Bible

ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​စေ​တ​မန် တို့​အား​ပြက်​ရယ်​ပြု​၍ အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။ ပ​ရော​ဖက်​တို့​အား​ပြောင်​လှောင်​ကြ​၏။ သို့ ဖြစ်​၍​နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​အား ချမ်း​သာ​မ​ပေး​တော့​ချေ။

ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက် ၌ သက်သေခံ၏။

သူ​တို့​ပြော​ဆို​သည့်​စ​ကား​များ​ကြောင့်​ပင်​လျှင် ကိုယ်​တော်​သည်​သူ​တို့​အား​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​ကို​တွေ့​မြင်​သူ​အ​ပေါင်း​တို့​သည် ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။

``သို့​ရာ​တွင်​သင်​တို့​က`သား​ဖြစ်​သူ​သည် အ​ဘယ်​ကြောင့်​ဖ​ခင်​ပြု​ခဲ့​သည့်​အ​ပြစ်​များ ၏​အ​ကျိုး​ဆက်​ကို​မ​ခံ​ရ​ပါ​သ​နည်း' ဟု မေး​ကြ​၏။ အ​ဖြေ​ကား​သား​သည်​ကောင်း​ရာ မှန်​ရာ​ကို​ပြု​သူ​ဖြစ်​၏။ သူ​သည်​ငါ​၏​ပ​ညတ် တော်​တို့​ကို​စောင့်​ထိန်း​၍​အ​သေ​အ​ချာ​လိုက် နာ​၏။ သို့​ဖြစ်​၍​သူ​သည်​မု​ချ​အ​သက်​ရှင် လိမ့်​မည်။-

``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-

သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။-

သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​၏ ဘိုး​ဘေး​များ​က​သတ်​သော​ပ​ရော​ဖက်​များ အ​တွက်​သင်​တို့​က​ဂူ​များ​တည်​ဆောက်​ပေး ကြ​၏။-

သို့​ဖြစ်​ခြင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ရွှေ ဉာဏ်​တော်​ဖြင့်`ဤ​လူ​များ​ထဲ​သို့​ပ​ရော​ဖက် များ၊ စေ​တ​မန်​များ​ကို​ငါ​စေ​လွှတ်​မည်။ ထို ပ​ရော​ဖက်​များ၊ စေ​တ​မန်​များ​အ​နက်​အ​ချို့ ကို​သူ​တို့​ညှဉ်း​ဆဲ​၍​အ​ချို့​ကို​သတ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏။-

ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။

ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​ဟော​ပြော​ခဲ့​ကြ​သော​ပ​ရော​ဖက် တို့​၏​အ​ကြောင်း​ကို​သ​တိ​ရ​လော့။ ဆင်း​ရဲ​ဒုက္ခ ရောက်​သော​အ​ခါ​သူ​တို့​တွင်​ခံ​နိုင်​ရည်​ရှိ​ပုံ​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။-

ယော​ရှု​က​လည်း``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​မည်​ဟု​ထွက်​ဆို​ရာ​၌​သင်​တို့ ကိုယ်​တိုင်​သက်​သေ​ဖြစ်​ကြ​၏'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​ကိုယ်​တိုင် သက်​သေ​ဖြစ်​ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ပြန် လျှောက်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ