Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 11:46

Common Language Bible

ကိုယ်​တော်​က ``အ​ချင်း​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ထမ်း ရ​ခက်​သည့်​ဝန်​ထုပ်​များ​ကို​သင်​တို့​သည်​လူ များ​အား​ထမ်း​စေ​ကြ​လျက်​သင်​တို့​ကိုယ်​တိုင် မူ​ကား​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ငါ​၏​လူ​မျိုး တော်​အား​နှိပ်​စက်​ညှင်း​ဆဲ​ရန်​မ​တ​ရား​သည့် ဥ​ပ​ဒေ​များ​ကို​ထုတ်​ကြ​၏။-

``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-

သူ​တို့​အ​ထဲ​မှ​ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက် က ``ဆ​ရာ​တော်၊ ပ​ညတ်​ကျမ်း​မှာ​အ​ဘယ်​ပ​ညတ် သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​ပ​ရိ ယာယ်​ဆင်​၍​မေး​လျှောက်​လေ​၏။-

ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ရှင်​ဤ​သို့​မိန့်​တော်​မူ​သည်​မှာ​အ​ကျွန်ုပ် တို့​ကို​လည်း​စော်​ကား​ရာ​ရောက်​ပါ​သည်'' ဟု လျှောက်​၏။

``ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​အ​သိ​ပ​ညာ​ဗိ​မာန် တံ​ခါး​သော့​ကို​သိမ်း​ထား​ပြီး​လျှင်​ကိုယ်​တိုင် လည်း​မ​ဝင်၊ ဝင်​လို​သူ​များ​ကို​လည်း​ဆီး​တား ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ကြ​သူ​တို့​ပင်​လျှင် ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​ကြ​ချေ။ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​သင်​တို့​ခံ​ယူ​သည့်​အ​တွက် ဂုဏ်​ယူ​ဝါ​ကြွား​လို​သ​ဖြင့်​သင်​တို့​အား​ခံ​ယူ စေ​လို​ခြင်း​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ