Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 10:41

Common Language Bible

သ​ခင်​ဘု​ရား​က ``မာ​သ၊ မာ​သ၊ သင်​သည်​များ စွာ​သော​အ​မှု​ကိစ္စ​တို့​အ​တွက်​စိုး​ရိမ်​ပူ​ပန် လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။

သို့​သော်​ဘ​ဝ​ရပ်​တည်​မှု​အ​တွက်​စိုး​ရိမ်​ကြောင့် ကြ​စ​ရာ​များ၊ စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု​များ နှင့်​အ​ခြား​လို​အင်​ဆန္ဒ​များ​ပေါ်​ပေါက်​လာ​ပြီး​လျှင် ထို​တ​ရား​တော်​ကို​လွှမ်း​မိုး​သ​ဖြင့်​တ​ရား​တော် မျိုး​စေ့​သည်​မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်။-

သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ခ​ရီး​သွား ကြ​စဉ်​ရွာ​တစ်​ရွာ​သို့​ရောက်​ကြ​၏။ ထို​ရွာ​ရှိ​မာ​သ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​အိမ်​တွင် ကိုယ်​တော်​ကို​ကြို​ဆို​ဧည့်​ခံ​၏။-

မာ​သ​မူ​ကား​ဧည့်​သည်​ဝတ်​ဖြင့်​ဗျာ​များ​နေ​ရ သ​ဖြင့်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပြီး​လျှင် ``အ​ရှင် ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည်​လုပ်​ကျွေး​မှု​တာ​ဝန် ရှိ​သ​မျှ​ကို​ကျွန်​မ​တစ်​ယောက်​တည်း​အား ဆောင် ရွက်​စေ​သည်​ကို​ကိုယ်​တော်​ရှင်​လျစ်​လူ​ရှု​တော် မူ​ပါ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​စေ​ရန်​သူ့ အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

ထို​နောက်​သ​ခင်​ယေ​ရှု​က​တ​ပည့်​တော်​တို့ အား``သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​စား ရ​မည်​နည်း​ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး ရိမ်​ကြ​နှင့်။ အ​ဘယ်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း ဟု ကိုယ်​ခန္ဓာ​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။-

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။-

ဗေ​သ​နိ​ရွာ​သား​လာ​ဇ​ရု​ဆို​သူ​သည်​ဖျား​နာ လျက်​ရှိ​၏။ ဗေ​သ​နိ​ရွာ​တွင်​ညီ​အစ်​မ​ဖြစ်​ကြ သော​မာ​ရိ​နှင့်​မာ​သ​တို့​နေ​ထိုင်​ကြ​၏။-

သ​ခင်​ယေ​ရှု​သည်​မာ​သ​နှင့်​ညီ​မ​မာ​ရိ​ကို လည်း​ကောင်း၊ လာ​ဇ​ရု​ကို​လည်း​ကောင်း​ချစ် တော်​မူ​၏။-

ကိုယ်​တော်​အား​ည​စာ​ဖြင့်​ဧည့်​ခံ​ရာ​၌​မာ​သ​က ဧည့်​ဝတ်​ကို​ပြု​၏။ ကိုယ်​တော်​နှင့်​အ​တူ​စား​ပွဲ​တွင် ထိုင်​ကြ​သူ​များ​အ​ထဲ​တွင်​လာ​ဇ​ရု​လည်း​ပါ​၏။-

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ