Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 10:31

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-

ငါ​၏​အ​နီး​သို့​ကြည့်​လိုက်​သော​အ​ခါ​ကူ​မ မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ အ​ဘယ်​သူ​မျှ​ငါ့​ကို​ဂ​ရု​မ​စိုက်။

အ​စော်​ကား​ခံ​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး ကြေ​ကွဲ​၍​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကြင်​နာ​မှု​ကို​တောင့်​တ​သော အ​ခါ သ​နား​မည့်​သူ​ကို​မ​တွေ့​ရ​ပါ။ စိတ်​သက်​သာ​မှု​ကို​တောင့်​တ​သော​အ​ခါ စိတ်​သက်​သာ​စေ​မည့်​သူ​မ​ရှိ​ပါ။

ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။

တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။

ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။

ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။

``ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​နာ​ကြ​လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​ဂ​ရု​စိုက်​နား ထောင်​ကြ​လော့။ မင်း​မျိုး​မင်း​နွယ်​တို့​နား ထောင်​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​မှန်​ကန်​စွာ စီ​ရင်​ရ​မည့်​သူ​များ​ဖြစ်​သည်။ ထို​အ​တိုင်း ပင်​သင်​တို့​ကို​လည်း​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ခံ​ရ​ကြ​မည်။ သင်​တို့​သည်​မိ​ဇ​ပါ​မြို့​တွင် ထောင်​သော​ထောင်​ချောက်၊ တာ​ဗော်​တောင်​တွင် ဖြန့်​ထား​သော​ပိုက်​ကွန်၊-

ယဇ်​ပု​ရော​ဟိတ်​များ​သည်​လု​ယက်​ရန်​ချုံ ခို​စောင့်​သော​ဋ္ဌား​ပြ​ဂိုဏ်း​ကဲ့​သို့​ကျင့်​ကြံ ကြ​သည်။ သူ​တို့​သည်​ရှေ​ခင်​မြို့​သို့​သွား ရာ​လမ်း​၌​ပင်​လျှင်​လူ​ကို​သတ်​ကြ​၏။ သူ တို့​သည်​ဤ​ကဲ့​သို့​ဆိုး​ရွား​သော​ရာ​ဇ​ဝတ် မှု​များ​ကို​ကူး​လွန်​ကြ​၏။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ယေ​ရိ​ခေါ​မြို့​ကို​သွား​ရာ လမ်း​တွင်​ဋ္ဌား​ပြ​များ​နှင့်​တွေ့​၏။ ဋ္ဌား​ပြ​တို့​သည် ထို​သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ကြ​၏။ ထို​နောက် သူ့​ကို​ရိုက်​နှက်​၍​သေ​လု​နီး​ပါး​ရှိ​သော​အ​ခါ ပစ်​ထား​ခဲ့​ကြ​၏။-

ထို​နည်း​တူ​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက်​သည်​ထို နေ​ရာ​သို့​ရောက်​လာ​၏။ သူ​သည်​လည်း​လူ​နာ​ကို လာ​ကြည့်​ပြီး​လျှင်​ရှောင်​ကွင်း​၍​သွား​လေ​၏။-

သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ