ငါဆိုသည်ကားတရားစီရင်တော်မူရာနေ့၌ ဘုရားသခင်သည်ထိုမြို့ထက်ပို၍သောဒုံ မြို့အားကရုဏာထားတော်မူလိမ့်မည်။''
ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ထိုမြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ထက်ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်။
တရားစီရင်တော်မူရာနေ့၌သင်သည်သောဒုံမြို့ ထက်ပို၍အပြစ်ဒဏ်ခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
သင်တို့ကိုလက်မခံသည့်အရပ်တွင်မနေကြနှင့်။ သင်တို့ဟောပြောသွန်သင်သည်ကိုနားမထောင် သူများထံမှထွက်ခွာသွားကြလော့။ ထွက်ခွာ သွားသည့်အခါတွင်သူတို့ကိုသတိပေးသည့် အနေဖြင့် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့'' ဟုမှာကြားတော်မူ၏။